Wei Chuan Group

ဝေ့​ချွမ်​(wei chuan)သဘာဝဟင်းရွက်​ဟင်းချိုမှုန့်​နှင့်​ပဲငံပြာရည်​အမျိုးမျိုး၊သက်​သတ်​လွတ်​ခရုဆီများသည်​​ဝေ့ချွမ်​စား​သောက်​ကုန်​လုပ်​ငန်း ​ကော်​ပို​ရေးရှင်းထိုင်ဝမ်နိုင်​ငံမှ ထုတ်​လုပ်​​​သော စားသောက်​ကုန်​လုပ်​ငန်းများအနက်​မှ လူသိအများဆုံး နှင့်​ လူကြိုက်​အများဆုံးစား​သောက်​ကုန်​ပစ္စည်းဖြစ်​ပါသည်။ ​ဝေ့ချွမ်​ စာ​သောက်​ကုန်​လုပ်​ငန်း​ကော်​ပို​ရေးရှင်းသည်​ ၁၉၅၃ ခုနှစ်​တွင်​ စတင်​တည်​​ထောင်​၍ ၁၉၆၁ခုနှစ်​မှ စ၍Taiwan Stock Marketတွင်​​နေရာယူ၍လုပ်​ငန်း​ပိုမိုကြီးမားလာပြီး၂၀၁၃ ခုနှစ်​မှ စ၍ နှစ်​စဉ်​အ​ရောင်းတန်​ဖိုး USD 480 million ဖြင့်​ထိုင်​၀မ်​နှင့်​ ကမ္ဘာ့​ဈေးကွက်​ကို ​နေရာယူလာခဲ့ပါသည်။

တရုတ်​ပြည်​မကြီးတွင်​လည်းTING SHIN INTERNATIONAL GROUP အဖြစ်​တရုတ်​ပြည်​မတစ်​နိုင်​ငံလုံးတွင်​ စား​သောက်​ကုန်​များ ကို ခန်းစူးဖု အမှတ်​တံဆိပ်​ဖြင့်​ တစ်​နှစ်​လျှင်​ USD 13,025Million ထိ​ရောင်းချနိုင်​ခဲ့​သော ထိုင်​၀မ်​နိုင်​ငံ၏အကြီးဆုံးစား​သောက်​ကုန်​လုပ်​ငန်း ​ကော်​ပို​ရေးရှင်း တစ်​ခုဖြစ်​ပါသည်​။ ​ဝေ့ချွမ်​ စား​သောက်​ကုန်​ လုပ်​ငန်း​ကော်​ပို​ရေးရှင်း ၏အဓိကစား​သောက်​ကုန်​များမှာ နို့နှင့်​ နို့ထွက်​ပစ္စည်းများ (Milk and Milk Products)၊အချိုရည်​မျိုးစုံ (Beverages )၊ အသင့်​လုပ်​ပြီး စား​သောက်​ကုန်​များ (Convenience Foods)၊ သ​ရေစာများ (Snacks)၊ဟင်းခတ်​ပစ္စည်းများ(Seasonings)ငံပြာရည်​နှင့်​​ဆော့စ်အမျိုးမျိုး (Sauces)တို့ဖြစ်​ပါသည်​။ ​ဝေ့ချွမ်​ သဘာဝဟင်းရွက်​ဟင်းချိုမှုန့်​သည်​ သဘာဝအသီးအရွက်​များမှ စီမံပြုလုပ်​ထား၍ သာမန်​အချိုမှုန့်​ကဲ့သို့ အာ​ခေါင်​​ခြောက်​ခြင်း၊ရင်ပူ​ရေငတ်ခြင်းမရှိဘဲ ကျန်းမာ​ရေးအတွက်​ မထိခိုက်​​စေရန်​ စီမံထားသည့်​အပြင်​ နှမ်းတစ်​​စေ့ခန့်​ အသုံးပြုရုံဖြင့်​ ထူးခြားပြည့်​စုံ​သော အရသာကိုရရှိနိုင်​ပါသည်​။

ဝေ့ချွမ်​သက်​သတ်​လွတ်​ခရုဆီသည်​လည်း သဘာဝတရုတ်​မှို​ခြောက်​မှ စီမံပြုလုပ်​ထား၍ ငံပြာရည်​အပျစ်​တွင်​လည်း​ကောင်း၊ဟင်းရွက်​များနှင့်​ဟင်းလျှာမျိုးစုံ၊အသုတ်​မျိုးစုံတွင်​ အ​ရောင်​အနံ့ရသာ ​ကောင်းမွန်​​စေရန်​ အသုံးပြုနိုင်​ပါသည်​။ ထိုင်​၀မ်​နိုင်​ငံတွင်​ ​ဝေ့ချွမ်​ စား​သောက်​ကုန်​လုပ်​ငန်း​ကော်​ပို​ရေးရှင်းမှ စား​သောက်​ကုန်​များ ကိုယခုအခါတွင်​ ကိုယ်​ပိုင်ဓာတ်​ခွဲခန်းများဖြင့်​ စား​သောက်​ကုန်​အရည်​အ​သွေးစစ်​​ဆေးခြင်း၊သဘာဝအတိုင်း ကြာရှည်​ခံနိုင်​မှုနှင့်​ ကျန်းမာ​ရေးနှင့်​ ညီညွတ်​ခြင်းရှိရန်​စမ်းသပ်​ခြင်း တို့အပြင်​ထူးခြားတီထွင်​​ခေတ်​မှီ​သော စမ်းသပ်​မှုများဖြင့်​ စား​သောက်​ကုန်​များ ထုတ်​လုပ်​မှုကို အား​ပေး​ဆောင်​ရွက်​လျက်​ရှိပါသည်​။